
မတ်လ (၁)ရက်ေန့ ညက မိုးသည်းထန်စွာ ရွာသွန်းြပီး ေြမြပိုမှုများ ြဖစ်ေပါ်ခဲ့ရာ ယူဂန်ဒါတွင် အနည်းဆံုး လူ (၈၃)ဦး ေသဆံုးသွားေြကာင်း သိရှိရသည်။
ကင်ညာ နိုင်ငံနှင့် နယ်စပ်ေဒသ အနီး ေတာင်ထူထပ်ရာ ဘူဒူဒါ ေဒသအနီး အယ်ဂွန် ေတာင်ေစာင်းများ အနီး ရွာေလးတခုတွင် ေြမြပိုမှု(၃)ြကိမ် ြဖစ်ပွားခဲ့ြပီးေနာက် ေနာက်ထပ်လူေပါင်း (၃၂၀) ဝန်းကျင် ေပျာက်ဆံုးလှျက် ရှိသည်။
အစိုးရ စစ်တပ်နှင့် ကယ်ဆယ်ေရး လုပ်သားများက ေသဆံုးသူ အေရအတွက်သည် ပိုမိုြမင့်တက် လာနိုင် ေြကာင်း ဝန်ခံေြပာဆို ထားလိုက်သည်။ နုိင်ငံ၏ သဘာဝ ေဘးအန္တရာယ်ဆိုင်ရာ ကာကွယ်ေရး ဝန်ြကီး မူဆာအက်ဝယ်ရူ က လူေပါင်းများစွာ ေပျာက်ဆံုးေနြခင်းသည် စိုးရိမ်စရာ ေကာင်းေြကာင်း ဝန်ခံခဲ့သည်။
ေြမြပိုမှုေြကာင့် ရွှံ့ြဖင့် တည်ေဆာက်ထားေသာ တဲအိမ်ေလး များအြပင် ခိုင်ခိုင်မာမာရှိေသာ ရွာေဆးခန်း ပါ ပျက်စီးသွားေြကာင်း သိရှိရသည်။ တရွာလံုးအား ရွှံ့ဖံုးသွားြပီး ရွာသားများသည် ေတာင်ေပါ် တက်ေနရ ေြကာင်း ရွာခံတဦးက ဆိုသည်။
ထိုေန့ညက မိုးသည် (၇)နာရီ ြကာေအာင် သည်းသည်းမည်းမည်း ရွာသွန်းခဲ့ြပီးေနာက် ယခုလို ေြမြပိုမှုများ ေပါ်ေပါက်လာြခင်းဟု ြကက်ေြခနီ တပ်ဖွဲ့က ဆုိသည်။ ယခုအခါ ယူဂန် ဒါ ြကက်ေြခနီ တပ်ဖွဲ့သည် စစ်တပ်နှင့် ရဲများ၏ အကူအညီြဖင့် ရွှံ့နွံြပင်များ ေအာက်တွင် နစ်ြမုပ် ေနသူများအား လိုက်လံ ရှာေဖွလှျက်ရှိေြကာင်း သတင်း ရရှိသည်။













